ရေဦး ၃၁ သြဂုတ်


စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဦးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းကို လူထုအခြေပြု ဗဟိုပြုဌာန ကွန်မြူနတီစင်တာ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က သင်တန်းဆင်းအမှာစကားများ ပြောကြားခဲ့သည်။  ယင်းနောက်  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းဦးက သင်တန်းမှသင်ယူပြီးခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း အခြေခံပညာရပ်များဖြစ်သည့် အနံ့ဆိုးပျောက်ဆေးရည်၊ ကြွပြေားသန့်စင်ဆေးရည်၊  သဘာဝခေါင်းလျှော်ရည်၊  မှန်ကြည်ဆေးရည်၊  အဝတ်လျှော်ဆပ်ပြာ၊ လက်ဆေးရည်၊ ပန်းကန်ဆေးရည်၊ ရေချိုးဆပ်ပြာရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ ဆပ်ပြာကရင်မ်၊ ရေမလိုလက်သန့်ဆေး၊ ထုတ်လုပ်နည်းများကို လက်တွေ့အသုံးချ လုပ်ကိုင်စေလိုကြောင်း၊ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် လိုအပ်သောနည်းပညာရပ်များကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ သင်တန်းမှသင်ယူတတ်မြောက်ခဲ့သော ပညာရပ်များမှာ  စက်ကိရိယာပစ္စည်းမလို  ငွေကုန်ကြေးကျသက်သာစေပြီး  မိသားစုအသက်မွေးဝမ်းကြောင်းအတွက် ယုံယုံကြည်ကြည်ဖြင့် လုပ်ကိုင်သွားရန် အားပေးစကားများပြောကြားခဲ့သည်။ 


သင်တန်းဖွင့်ပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီး ဒေါ်ရီရီဦး၊ မွေး/ကု ဦးစီးဌာန ဦးစီးမှူး ဒေါက်တာခင်စန်းတင့်၊  စီမံကိန်းရေးဆွဲရေးဦးစီးဌာန  ဦးစီးမှူး  ဒေါ်မြတ်သူဇာထွန်း၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမြင့်စန်း၊ မုံရွာမြို့အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဒေါ်ဇင်မိုးလှိုင်၊ သုတေသနလက်ထောက်(၃) ဒေါ်မေယုမော်တို့ တက်ရောက်၍ သင်တန်းသား ၂၀ ဦးအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။


သန်းထိုက် (ရေဦး)

 

IMG_20