၂၄ ဒီဇင်ဘာ
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားတောင်ပိုင်းမှာ ခရီးသည် ၃၇ ဦးနဲ့ ကားမောင်းသမား လိုက်ပါလာသော ဘတ်စ်ကားတစ်စင်း မနေ့ညပိုင်းက ချောက်ထဲထိုးကျခဲ့ရာ အနည်းဆုံး ၂၅ ဦးသေဆုံးကြောင်း တာဝန်ရှိ ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။
ဘတ်စ်ကားဟာ ဆူမားတြားကျွန်းပေါ်က ဘန်ကူလူမြို့ကနေ မနက်စောစော ထွက်ခွာလာပြီး လီကု လီမာတန် ဒေသအရောက် ဒေသစံချိန် ၂၃:၁၅ တွင် ပေ ၅၀၀ အနက်ရှိ ချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ကို ကူညီရန် ကယ်ဆယ်ရေးသမား ၁၂၀ ဦး စေလွှတ်ထားရာ လူ ၁၄ ဦးကို ကယ်ဆယ်နိုင်ပြီဖြစ်ကြောင်း၊ အသက်ရှင်သည့် ခရီးသည်များ ပြောကြားချက်အရ မတော်တဆဖြစ်စဉ် ဖြစ်ပွားချိန်မှာ ကားပေါ်တွင်လူ ၅၀ လောက် ပါရှိကြောင်းနှင့် တစ်ချို့လူတွေက ပျောက်ဆုံးနေသဖြင့် ရှာဖွေရေး လုပ်ဆောင်နေကြကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP