အင်ဒိုနီးရှားနိုင်ငံ၌ ဟိုက်ဒရိုဂျင်လောင်စာသုံးမော်တော်ယာဉ်များအတွက် ဟိုက်ဒရိုဂျင်လောင်စာစခန်း ဖွင့်လှစ်မည်

 

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၀

 

အင်ဒိုနီးရှားနိုင်ငံက   ဟိုက်ဒရိုဂျင် လောင်စာသုံး  မော်တော်ယာဉ်များအတွက် ၎င်း၏ ပထမဆုံးဟိုက်ဒရိုဂျင် လောင်စာစခန်းကို ယခုလကုန်တွင် ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း အင်ဒိုနီးရှား လျှပ်စစ်ကုမ္ပဏီက  ယနေ့ပြောကြားသည်။

 

ကတိကဝတ်တစ်စိတ်တစ်ပိုင်းဖြစ်

 

နိုင်ငံ၏အစိုးရပိုင် လျှပ်စစ်ဓာတ်အား ကုမ္ပဏီ PLN ၏ ဒါရိုက်တာ Darmawan Prasodjo က ယင်းဟိုက်ဒရိုဂျင်လောင်စာစခန်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နင့် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များ အတွက် အစိမ်းရောင်ဟိုက်ဒရိုဂျင် ဝန်ဆောင်မှုအပါအဝင် အနာဂတ်ယာဉ် ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အင်ဒိုနီးရှားနိုင်ငံ၏ ကတိကဝတ်တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လျှပ်စစ်မော်တော်ကား ဂေဟစနစ် ထူထောင်ရေးတွင် ရှေးဦးဆောင်ရွက်သောနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဟိုက်ဒရိုဂျင် လောင်စာသုံးယာဉ်တွေရဲ့ ဂေဟစနစ်မှာ အဓိကဆောင်ရွက်သူ ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ ဟု Prasodjo က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်တော်ယာဉ်ပြပွဲတွင် ပထမဆုံးဟိုက်ဒရိုဂျင်လောင်စာစခန်း အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့သည့် အင်ဒိုနီးရှား သည် ဟိုက်ဒရိုဂျင်လောင်စာသုံး မော်တော်ယာဉ်များဆီသို့ ပြောင်းလဲအသုံးပြုရေးအတွက် စီးပွားရေးလုပ်ငန်း ရှင်များနှင့် လူမှုအသိုင်းအဝိုင်းများကို ဖိတ်ခေါ်ရန်မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ စတုတ္ထလူဦးရေအများဆုံးနိုင်ငဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်အသားတင်ထုတ်လွှတ်မှုကင်းစင်ရေး ပန်းတိုင်သို့ ရောက်ရှိရန် ၎င်း၏လမ်းကြောင်းပေါ်တွင် ရှိနေသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ