ဂျကာတာ ဇူလိုင် ၂
အင်ဒိုနီးရှားနိုင်ငံသည် ငါးလုပ်ငန်းကဏ္ဍ၏ ကုန်ထုတ်စွမ်းအားနှင့်ယှဉ်ပြိုင်နိုင်မှုကိုမြှင့်တင်ရန် နိုင်ငံ့ဦးစားပေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ငါးဖမ်းရေယာဉ် ၄၅၈၂ စင်းကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးက ဇူလိုင် ၂ ရက်တွင် ပြောကြားသည်။
အဆိုပါ အဆင့်မြှင့်တင်ရေးအစီအစဉ်တွင် GT ၂၀၀ မှ GT ၂၅၀၀ အကြားရှိ ငါးသယ်ယူပို့ဆောင်ရေး ရေယာဉ် ၆၇ စင်းအပြင် စုစုပေါင်း တန်ချိန် GT ၁၀ မှ GT ၁၅၀၀ အထိရှိသော ရေယာဉ် ၄၅၁၅ စင်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီး စက်ခ်တီဝါဟူ ထရန်ဂိုနိုက ပြောကြားသည်။
ထုတ်လုပ်မှုပိုင်းနှင့်ပတ်သက်၍ ယင်းအစီအစဉ်သည် နှစ်စဉ် ငါးဖမ်းဆီးရရှိမှု ၂ ဒသမ ၃ သန်းတန်ချိန် အောင်မြင်စွာရရှိရန် ရည်မှန်းထားကြောင်း ဂျကာတာ၌ကျင်းပသည့် အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေး၌ ၎င်းက ပြောကြားသည်။
ဆင်ဟွာ


