အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၌ ရေကြီးမြေပြိုမှုများကြောင့် ၁၀ ဦး သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံး

ဂျကာတာ၊ မတ် ၁၀

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်တွင် ရေကြီးမြေပြိုမှုများကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရစီမံခန့်ခွဲမှုအေဂျင်စီက မတ် ၉ ရက်က ပြောကြားသည်။မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် ထိခိုက်ဒဏ်ရာ ရသူများအား ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ကြောင်း သဘာဝဘေးလျော့ပါးရေးအေဂျင်စီ အကြီးအကဲ ဒိုနီဂူဆရီဇယ်လ်က ပြောကြားသည်။

ဒိုနီဂူဆရီဇယ်လ်၏ အဆိုအရ လူပေါင်း ၄၅၀၀၀ ကျော် သည် ပြည်နယ်အတွင်းရှိ ခရိုင်တစ်ခုစီမှ အေဂျင်စီများက ပံ့ပိုးပေးသည့် ယာယီတဲများဆီတွင် ခိုလှုံနေရကြောင်းနှင့်  အိမ်ခြေ ၂၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး တံတားရှစ်စင်းထက် မနည်း ကျိုးကျခဲ့ကြောင်း သိရသည်။

ယင်းဒေသတွင် ရေကြီးမြေပြိုမှုများသည် မတ် ၇ ရက် ကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအများအပြားကို ဆက်သွယ်ထားသည့်လမ်းများ ပျက်စီးခဲ့ကာ ဒေသခံများအတွက်လည်း လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း သိရသည်။  အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးမြေပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းလည်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်