အင်းစိန်ဖော့ကန်‌ပဒေသာဈေးအတွင်း COVID-19 ရောဂါ မပြန့်ပွားစေရေး အသိပညာပေးများ တိုးမြှင့်ဆောင်ရွက်

ရန်ကုန် ၁၀ မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းစိန်မြို့နယ် စည်ပင်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍  အင်းစိန်ဖော့ကန်ပဒေသာဈေးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးအသိပညာ‌ ပေးစာစောင်များဖြန့်ဝေခြင်းနှင့် ဟောပြောခြင်း၊ ဆေးဖြန်းခြင်း၊ လက်ဆေးရည်များဝေငှခြင်းများအား နေ့စဉ် အရှိန်အဟုန်ဖြင့်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"အင်းစိန်မြို့နယ်က ကိုဗစ်ရောဂါပိုးအများဆုံး တွေ့ရှိတဲ့နေရာတစ်ခုဖြစ်နေတယ်၊ ဒါကြောင့် ရောဂါပိုးထပ်မံမပြန့်ပွားဖို့ ကျန်မာရေးအသိပညာ​ပေးလုပ်ငန်းတွေကို အင်းစိန်မဲဆန္ဒနယ် အမျိုသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးကိုယ်တိုင်​ ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ကွင်းဆင်းပြီး ရောဂါရှာဖွေခြင်း၊ Contact Tracing လုပ်ငန်းတွေလည်း တိုးမြှင့်ဆောင်ရွက်နေပါတယ်"ဟု ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးခရိုင်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်က ပြောသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး