အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော်၊ ၁၇ ဇွန်

 

၂၀၂၁ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၈ နာရီ ၃၅ မိနစ် ၃၄ စက္ကန့်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မြေပုံမြို့၏ အနောက်တောင်ဘက် (၁၅)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၈၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၂၉)ဒီဂရီ၊ အနက်(၁၀၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Crd>မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန