အမှုပြီးပြတ်ပြီး ထိန်းသိမ်းရန်ခက်ခဲသည့် သက်သေခံပစ္စည်းများဖြစ်သော ထိန်းချုပ်ကန့်သတ် ဓာတုဆေးရည်များ မြေမြှုပ်ဖျက်ဆီး

လဲချား  ၂၅  ဒီဇင်ဘာ

 

လွိုင်လွင်ခရိုင် လဲချားမြို့နယ်၌ အမှုပြီးပြတ်ပြီး ထိန်းသိမ်းရန်ခက်ခဲသည့် သက်သေခံ ပစ္စည်းများ ဖြစ်သော ထိန်းချုပ်ကန့်သတ် ဓာတုဆေးရည် (ဆာလဖျူရစ်)အက်စစ်များ မြေမြှုပ်ဖျက်ဆီးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်အမှိုက်ပုံနေရာတွင် ပြုလုပ်ခဲ့သည်။

 

69

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး နေမျိုးက ထိန်းသိမ်းရန်ခက်ခဲသည့် သက်သေခံပစ္စည်းများ မြေမြှုပ်ဖျက်ဆီးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် လွိုင်လင်ခရိုင်နှင့် လဲချားမြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အမှုပြီးပြတ်ပြီး ထိန်းသိမ်းရန် ခက်ခဲသည့် သက်သေခံပစ္စည်းများဖြစ်သော ထိန်းချုပ်ကန့်သတ်ဓာတုဆေးရည် (ဆာလဖျူရစ်)အက်စစ် ၃၁၉၉ လီတာခန့်ကို သတ်မှတ်ထားသည့် မြေကျင်းအတွင်းသွန်ချ၍ မြေဖို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျ၊ ပြည်နယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြောင်းသိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)