အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

နေပြည်တော် မေ ၂၈

 

အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှသိရသည်။

 

 

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်နေ ကျကော၊ ၄၂ နှစ်၊ ()ဦးပါအဲ က တစ်မြို့နယ်ထဲနေ ---- ၁၇/၂၃ နှစ်၊  ---- ၁၇/၂၃ နှစ်၊ ---- ၁၆/၂၃ နှစ်နှင့် ---- ၁၇/၂၃ နှစ်တို့ကို မိုင်းပေါက် မြို့ရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၂၀၀၀ ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သဖြင့် မိုင်းပျဉ်းမြို့မရဲစခန်း ()/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၂၇ ရက်တွင် တရားခံ ကျကော အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ -၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၅)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)