တိုကျို  ဇွန်  ၂၃

ဂျပန်(ကြည်းတပ်)မှ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(JGSDF)ဝင်များနှင့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များသည် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားခရိုင်ရှိ ဝေးလံခေါင်ဖျားသော တိုကူနိုရှီးမားကျွန်းတွင် ဒရုန်းစနစ်အသုံးပြု၍ ညအချိန် အချက်အလက်စုဆောင်းထောက်လှမ်းသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ  လေ့ကျင့်မှုကို ဇွန် ၂၂ ရက်ညပိုင်းမှ ၂၃ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး   ကျူရှူးဒေသတစ်ဝန်းတွင်  ဇွန်  ၂၀  ရက်မှ ၃၀ ရက်အထိ လုပ်ဆောင်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု၏  တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်အင်အား  ၉၆၀၀ ခန့် ပါဝင်ပြီး ဂျပန်နိုင်ငံ၏  ဝေးလံခေါင်ဖျားကျွန်းများတွင် ကာကွယ်ရေးနှင့် စစ်ရေးစွမ်းရည်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ