အမေရိကန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း

နေပြည်တော် ၂ ဩဂုတ်

 

၁။​ COVID-19 ကူးစက်ရောဂါ ကာလတွင်း၌ ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် အပတ်စဉ်ပုံမှန် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပျံသန်း ပြေးဆွဲပေးနေသည့် ကယ်ဆယ်ရေး လေယာဉ်အပြင် မြန်မာသံရုံး၊ ဝါရှင်တန်ဒီစီနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့ ညှိနှိုင်း၍ အထူးအစီအစဉ်အဖြစ် ဩဂုတ် ၂ ရက်တွင် ကယ်ဆယ်ရေးလေယာဉ်တစ်စီး တိုးမြှင့် ပြေးဆွဲပေးခဲ့ပါသည်။ အဆိုပါလေယာဉ်၌ အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၇၀) ဦး၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၂၀) ဦးနှင် သင်္ဘောသား (၁၀) ဦး၊ စုစုပေါင်း (၁၀၀) ဦး တို့ စီးနင်းလိုက်ပါခဲ့ကြပြီး လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်သို့ ၄ နာရီ ၄၅ မိနစ်  ထွက်ခွာသွားခဲ့ပါသည်။

 

၂။​ အဆိုပါလေယာဉ်ခရီးစဉ်၌ လိုက်ပါကြသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံ တစ်ရာမရှိစေရန်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

Credit>Ministry of Foreign Affairs Myanmar