အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြားက ဆက်ဆံရေးကို ရပ်ဆိုင်းကြောင်း သမ္မတ ထရန့် ကြေညာ

နယူးယောက်  ၃၀  မေ

အမေရိကန်သမ္မတထရန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ အမေရိကန်နိုင်ငံကြားက ဆက်ဆံရေးကို ရပ်ဆိုင်းလိုက်ကြောင်းနဲ့ ငွေကြေးလှူဒါန်းမှုပါ ရပ်ဆိုင်းလိုက်ကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။

 

တရုတ်အစိုးရဲ့ လုပ်ကိုင်ပုံ အမှားကြောင့် ကမ္ဘာကြီးမှာ ဒုက္ခရောက်နေကြတယ်။ ကမ္ဘာကြီးက တရုတ်နိုင်ငံဆီကနေ ဖြေရှင်းချက်ကို လိုတယ်။ ပွင့်လင်းဖို့လိုအပ်တယ်။ WHO အနေနဲ့ မေတ္တာရပ်ခံချက်ကို လုပ်ဆောင်ဖို့ ပျက်ကွက်တယ်။ အဲဒါကြောင့် ဒီနေ့မှာ WHO နဲ့ ဆက်ဆံရေး ရပ်ဆိုင်းဖို့ ဆုံးဖြတ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

 

တရုတ်နိုင်ငံကြောင့် အမေရိကန် နိုင်ငံသား ၁၀၀,၀၀၀ ကျော်ရဲ့အသက်တွေလည်း ပေးခဲ့ရတယ်လို့ သမ္မတထရန့်က ထည့်သွင်းပြောကြား ပါတယ်။

 

အမေရိကန်အစိုးရဲ့ ဗိုင်းရပ်စ်ရောဂါပိုးနဲ့ပတ်သက်တဲ့ စွပ်စွဲချက်ကို ဘေကျင်းက ပြင်းပြင်းထန်ထန် ငြင်းဆန်ပါတယ်။

 

ပြီခဲ့တဲ့လကစပြီး WHO ရဲ့ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ လုပ်ပုံကိုင်ပုံတွေကို သမ္မတက ဝေဖန်နေပြီး အမေရိကန်က ရန်ပုံငွေလှူဒါန်းမှုကို ရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

MDN
ကိုးကား - AFP