အမာမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေး

အမာ  အောက်တိုဘာ  ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက အမာမြို့ အထကကျောင်း​တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၅)ဦးကို ပထမနေ့အဖြစ် စတင်ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) တစ်လုံးလျှင် (၂)ဦးနှုန်း ထိုးနှံပေးခြင်းဖြစ်​ပြီး ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ ဆေးတစ်ခုခုနှင့် ဓာတ်မတည့်သော ရောဂါရှိ/မရှိ၊ အတက်ရောဂါစသည့် ဉီးနှောက်အာရုံကြောဆိုင်ရာရောဂါရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ တို့ကို မေးမြန်းပြီးမှသာ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေစေရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ နယ်မြေခံတပ်ရင်း၊ နယ်မြေရဲစခန်းမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စနစ်တကျ ဆေးထိုးနိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အမာ (ပြန်/ဆက်)