ပခုက္ကူ ၂၀ နိုဝင်ဘာ
ကမ္မမြို့ လူငယ်ဖွံ့ဖြိုးရေးအဖွဲ့က ဦးစီးကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်သော သတင်း အချက်အလက်များ လက်လမ်းမှီလာနိုင်စေရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကိုနိုဝင်ဘာ ၂၀ရက်၊ နံနက်၉နာရီ က ပခုက္ကူမြို့နယ် ကမ္မမြို့ ရိုးပင်းရိုးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကမ္မမြို့ လူငယ်ဖွံ့ဖြိုးရေးအဖွဲ့၊အဖွဲ့ဝင် ဒါရိုက်တာ ဦးဇော်နိုင်ထွန်း က အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ဒေသဆိုင်ရာ စစ်တမ်း ကောက်ယူထားမှု အချက်အလက်များ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစိုးရနည်းပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးထွန်းမြိုင်က၊ အသက်မွေး ဝမ်းကြောင်း သင်တန်းများ ဖွင့်လှစ်ပေးမည့် အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာနှင့် ပတ်သက်သည်များကို ဆွေးနွေးရှင်းလင်းတင်ပြပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ သက်ဆိုင်သော လုပ်ငန်းစဉ်များ အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ကမ္မတိုက်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ တက်ရောက်လာသူများက ရှေ့ဆက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးကြသည်။
ဥရောပသမဂ္ဂ (EU)ရန်ပုံငွေ အထောက်အပံ့ဖြင့် အခြေခံစက်ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း များကိုသင်တန်းတစ်ခုလျှင် သင်တန်းသား၂၀ ဖြင့် ၁၃-၁၂-၂၀၂ မှ ၃.၄.၂၀၂၀ ထိ ပခုက္ကူမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး တက်ရောက် သူ သင်တန်းသားများကိုလည်း သင်တန်းကာလအတွင်း ထောက်ပံ့ကြေးငွေ တစ်လလျှင် ငွေကျပ် ၃၀ဝ၀ဝ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


