အက်ခ်ရှေးကူးမား၏ ရုပ်ရှင်သစ် ကိုဗစ် -၁၉ ကာလအတွင်း ပထမဦးဆုံးရိုက်ကူးပြီးစီးသည့်ရုပ်ရှင်ဖြစ်လာ

  အောက်တိုဘာ

ဘောလိဝုဒ်မင်းသားအက်ခ်ရှေးကူးမားရဲ့ ရုပ်ရှင်သစ်ဖြစ်တဲ့ Bell bottom ဟာ ကိုဗစ်-၁၉ ကာလအတွင်းမှာ ပထမဦးဆုံး ရိုက်ကူးပြီးစီးသွားတဲ့ အိန္ဒိယရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အက်ခ်ရှေးကူးမားရဲ့ အလုပ်ကြိုးစားမှုနဲ့ လျင်မြန်မှုကိုတော့ ဘယ်သူမှ လိုက်မမီအောင်ပါပဲ။ ရုပ်ရှင်သစ်ပိုစတာကို အက်ခ်ရှေးကူးမားက သူ့ရဲ့ လူမှုကွန်ရက်မီဒီယာကနေ မျှဝေခဲ့ပြီး တစ်ယောက်တည်းဆိုရင် နည်းနည်းပဲလုပ်နိုင်မယ်။ စုပေါင်းအင်အားနဲ့ အလုပ်လုပ်တဲ့အခါ အလုပ်ပြီးမြောက်တယ်ဆိုပြီးစာရေးသားခဲ့ပါတယ်။ အုပ်စုလိုက် စုပေါင်းလုပ်ကိုင်ခြင်းရဲ့ အကျိုးကျေးဇူးဖြစ်ပြီး ဒီရုပ်ရှင်ကားမှာပါဝင်ကြတဲ့ သရုပ်ဆောင်တိုင်း၊ အဖွဲ့သားတိုင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကိုဗစ်-၁၉ ကာလအတွင်း နေထိုင်မှုပုံစံအသစ်နဲ့ လူတိုင်းတွေ့ကြုံနေရပြီး ပုံစံအသစ်နဲ့ နေထိုင်ရခြင်းကြောင့် တစ်ခါမှ စိတ်မကူးဖူးတဲ့ပုံစံနဲ့ အလုပ်လုပ်ကိုင်နေရတယ်။ တစ်ကမ္ဘာလုံးက ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေ အနေနဲ့လည်း ဖျော်ဖြေရေးလုပ်ငန်းတွေကို ပြန်စတင်ဖို့အတွက် အင်အားတစ်ရပ် ဖြစ်လာမှာပါ “လို့ အက်ခ်ရှေးကူးက ပြောပါတယ်။ ဒါရိုက်တာ ရန်ဂျစ်အမ်တီဝါရီ ရိုက်ကူးတဲ့ Bell Bottom ရုပ်ရှင်ကားကို ၂၀၂၁ ခုနှစ် ဧပြီ ၂ ရက်မှာ ရုံတင်ဖို့ လျာထားပါတယ်။

ဘောလိဝုဒ်လိုက်ဖ်