အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲနှင့် ပတ္တမြားကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်

ပုလဲ ၂၅ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လှော်ကားကြီးစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၌ ယနေ့နံနက် နံနက် ၉ နာရီက အခြေခံပညာ အလယ်တန်းကျောင်းမှ  အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲနှင့် ပတ္တမြား ကျောင်းဆောင်သစ်  လွှဲပြောင်းပေးအပ်ပွဲကို  ကျင်းပခဲ့ကြောင်း သိရသည်။

 

1

 

ရှေးဦးစွာ ပတ္တမြားကျောင်းဆောင်သစ်ကို ဆရာတော်ဘဒ္ဒန္တသဇ္ဇန(ဒွိပိဋကဓရ ၊ ဒိပိဋကကောဝိဒ)၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်ဆွေ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

98

 

ဆက်လက်၍ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲနှင့် ပတ္တမြား ကျောင်းဆောင်သစ်  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က အမှာစကားပြောကြားခဲ့ပြီး   ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက ပညာရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များကို  ရှင်းလင်းပြောကြားခဲ့သည်။

 

895

 

ဆက်လက်၍ လှော်ကားကြီးစံပြကျေးရွာ ၊  အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးမိုးက ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်း၏ လိုအပ်ချက်များကိုလည်းကောင်း၊ ကျောင်းဆောင်သစ် အလှူရှင်ဆရာတော်များနှင့် အလှူရှင်များကိုယ်စား ဆရာတော်ဘဒ္ဒန္တသဇ္ဇန (ဒွိပိဋကဓရ ၊ ဒိပိဋကကောဝိဒ)က  ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို  လည်းကောင်း  ပြောကြားခဲ့ပြီး  တိုင်းဒေသကြီး   စည်ပင်သာယာရေးဝန်ကြီး   ဦးမြင့်ကြည်က  ကျောင်းသုံးဗလာ စာအုပ်များနှင့်  အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမိုးက လက်ခံရယူခဲ့သည်။

 

ထိုနောက် လှော်ကားကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်စိုးနှင့် တာဝန်ရှိသူများက ပတ္တမြား ကျောင်းဆောင်သစ်နှင့်ပတ်သတ်သည့် စာရွက်စာတမ်းများ၊ အထိမ်းအမှတ် အလံများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကိုပေးအပ်ရာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

 

52063148.102

 

အဆိုပါ ပတ္တမြားကျောင်းဆောင်သစ်သည် အလျား ၁၂၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေရှိ  သွပ်မိုး ၊ နံရံကပ်၊ တစ်ထပ်အမျိုးအစားဖြစ်ပြီး ပုလဲမြို့နယ်၊ လှော်ကားကြီးကျေးရွာ၊ မဟာတေဇ ဒဏ္ခိဏာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသူရိယ၊ အမေရိကန်နိုင်ငံမှ ဆရာတော်ဘဒ္ဒန္တသဇ္ဇန (ဒွိပိဋကဓရ ၊ ဒိပိဋကကောဝိဒ)၊  မန္တလေးမြို့ ၊ ဓမ္မာစရိယကျောင်း ၊  မဟာမင်းထင်တိုက်မှ ဆရာတော်ဘဒ္ဒန္တ ပညာနန္ဒာလင်္ကာရ ( ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်၊ သာသနာ့ဓဇ ဓမ္မာစရိယ ဝိနယဝိဒူ) နှင့် စေတနာရှင် အလှူရှင်များက  ငွေကျပ် ၃၅၃ သိန်း အကုန်အကျခံ၍ ပညာပါရမီ အမျိုးသားရေးအကျိုးပြု ထာဝရကုသိုလ်တော်အဖြစ် ဆောက်လုပ်လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

78

                                                                                                                  

မြင့်သိန်းစိုး(ပြန်/ဆက်)