အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာသင်တန်း ပုဇွန်တောင်မြို့နယ်၌ ဖွင့်လှစ်

ရန်ကုန်  ၂၃ ဩဂုတ်  


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို  ယနေ့နံနက် ၉ နာရီက ပုဇွန်တောင်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပသည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်နှင့် မြို့ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးမြလှိုင်တို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇေယျာကျော်မှ ကော်မရှင်၏ မဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းသဘောတရားများကို ရှင်းလင်းပြောကြားပို့ချခဲ့ကြောင်း သိရသည်။


ကိုဘုန်း(ပြန်ဆက်)