အခြေခံ ကျန်းမာရေး ဝန်ထမ်းအတွက် တီဘီရောဂါ Management သင်တန်းပို့ချ

မိုးညို  ၁၉ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေး ဦးစီးဌာန (မြို့နယ်ပြည်သူ့ဆေးရုံ)၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်ကTraining on Management of TB For Health Facility Staff (အခြေခံ ကျန်းမာရေးဝန်ထမ်းအတွက် တီဘီရောဂါ Management) သင်တန်းအားပြုလုပ်ခဲ့ရာ တီဘီရောဂါကု ဆရာဝန်ကြီး ဒေါက်တာဆွေဆွေသန်း(တီဘီ/ အနာကြီး)၊ ပဲခူးတိုင်းဒေသကြီးနှင့် ဦးဇော်ဝင်းထွန်း (အဖွဲ့ခေါင်းဆောင်)သာယာဝတီတို့က တီဘီနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပို့ချသွားမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းသို့ မိုးညိုမြို့နယ်အတွင်းမှ ကျန်းမာရေးမှူးများ၊ကြီးကြပ်-၂ ၊သားဖွားဆရာမများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ဒီဇင်ဘာ(၁၉)ရက်မှ (၂၀)ရက်နေ့ထိနေ့စဉ် နံနက် ၉:၃၀ မှညနေ ၄:၃၀ ထိပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(မိုးညို)