အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ၄၇၃၁၀၅ နှင့် သေဆုံးသူ ၁၄၈၉၄ ဦးအထိရှိလာ

၂၅ ဇွန်

 

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ၁၆၉၂၂ ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၁၈ ဦးရှိသည်ဟု အိန္ဒိယဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်က ပြောကြားခဲ့သည်။

 

နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၄၇၃၁၀၅ ဦး ရှိပြီး သေဆုံးသူအရေအတွက် ၁၄၈၉၄ ဦး အထိရှိလာသည်။

 

ယခုချိန်အထိဖြစ်ပွားခဲ့သော ရောဂါ ကူးစက်မှုတွင် ကူးစက်ခံရမှု အများဆုံးနေ့တစ်နေ့ဖြစ်သည်။

ယမန်နေ့မနက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် ၄၅၆၁၈၃ ရှိပြီး သေဆုံးသူ ၁၄၄၇၆ အထိ ရှိသည်။

 

ရောဂါကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၂၇၁၆၉၇ ဦး ရှိကြောင်း ထိုတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို