အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၈ ဒသမ ၆၉ သန်းကျော်ရှိလာ

နယူးဒေလီ ၆ ဇွန်

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၀၅၂၉ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၈၆၉၄၈၇၉ ဦးရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၃၈၀ ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၄၄၀၈၂ ဦးရှိလာကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူပေါင်း ၂၆၇၅၉၅၄၉ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ ၁၅၅၅၂၄၈ ဦးရှိ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီလ အတွင်းက စတင်ခဲ့ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၂၂၇ သန်းကျော်ရှိသွားပြီ ဖြစ်ကြောင်းနှင့် ဇွန် ၄ ရက်တစ်ရက်တည်းမှာပင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၃၆၅၀၀၈ဝ အသုံးပြုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု တတိယကာလဖြစ်ပြီး အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသော်လည်း နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေးပြတ်လပ် မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်