အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၂ ဒသမ ၅ သန်း ကျော်ရှိလာ

နယူးဒေလီ ဩဂုတ် ၂၆

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၄၆၁၆၄ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၂၅၅၈၅၃ဝ အထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၆၀၇ ဦး ရှိလာမှုနှင့် အတူ စုစုပေါင်း ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ၄၃၆၃၆၅ ဦး အထိ ရှိလာခဲ့သည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ လွန်ခဲ့သောရက်အတော်ကြာက ကျဆင်းခဲ့ပြီးနောက် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက် တိုးလာသည်မှာ လွန်ခဲ့သည့် နှစ်ရက်ကျော်ကတည်းက ဖြစ်သည်။

 

လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၃၃၃၇၂၅ ဦးအထိ ရှိသည်။

 

ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားမှုမှ ကောင်းမွန်လာပြီးဆေးရုံမှ ဆင်းလာသူပေါင်း ၃၁၇၈၈၄၄၀ ရှိလာကြောင်းသိရသည်။

 

ဆင်ဟွာ