အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ  အိမ်နီးချင်းတရုတ်နိုင်ငံထက် ပိုများသွားကြောင်း တွေ့ရ

၂၉ မေ

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက်ဟာ ၁၇၅ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၄,၇၀၆ ဦးရှိသွားတဲ့အတွက် အိမ်နီးချင်းတရုတ်နိုင်ငံထက် ပိုများသွားကြောင်း ဒီနေ့ (သောကြာနေ့)မှာ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့လူဦးရေထူထပ်တဲ့ မြို့တွေ တည်ရှိရာနေရာဖြစ်သလို ကျန်းမာရေးစောင့်ရှောက်မှု အားမကောင်းတဲ့ နေရာဖြစ်ရာ အခုရက်ပိုင်းအတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတာကို တွေ့ရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၁၆၅,၇၉၉ ဦးရှိပါတယ်။ မွမ်ဘိုင်းမြို့ရှိရာ မဟာရာတာပြည်နယ် အနောက်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူအရေအတွက်ဟာ တစ်နိုင်ငံရဲ ၃၆ ရာခိုင်နှုန်း နဲ့ သေဆုံးသူ ၄၂ ရာခိုင်နှုန်းရှိကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်စာရင်းအရသိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကနေ စတင်ခဲ့ ဗိုင်းရပ်စ်ရောဂါပိုးဟာ တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ စုစုပေါင်း ၈၂,၉၉၅ ဦး ရှိပြီး သေဆုံးသူ ၄,၆၃၄ ဦး သာရှိကြောင်း စာရင်းမှာ ဖော်ပြထားပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက် များပြားနေပေမယ့် နိုင်ငံရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ ရှိတဲ့အတွက် တင်းကျပ်တဲ့ ပိတ်ပင်တားမြစ်မှုတွေကို ဖြေလျော့သွားဖို့ ဒီကနေ့ ပြည်ထဲရေးဝန်ကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ ဆွေးနွေးဖို့ ရှိနေပါတယ်။

 

ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၃၅၇,၃၁၁ ဉီးရှိခဲ့ရာ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၁၀၁,၀၀၂ ဦး ကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP