အိန္ဒိယနိုင်ငံမှ COVID - 19 ကာကွယ်ဆေးများ ရောက်ရှိ

နေပြည်တော်၊ ၁၁ ဖေဖေါ်ဝါရီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ Serum Institute of India (SII) နှင့် စာချုပ်ချုပ်ဆို ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD/ Astrazeneca ကာကွယ်ဆေး အကြိမ်အရေအတွက် (၂) သန်းအား ဖေဖေါ်ဝါရီ ၁၁ ရက် ၊ နေ့လည်ပိုင်းတွင် နယူးဒေလီ-ရန်ကုန်ပြေးဆွဲသည့် အိန္ဒိယလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာလှိုင်မြတ်သူတို့ ဦးဆောင်သောအဖွဲ့မှ သွားရောက်လက်ခံခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ စီစဉ်ထားသည့်အတိုင်း ကျေးလက်နေပြည်သူများ အပါအဝင် ပြည်သူလူထုအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်