အိမ်မဲမြို့နယ်တွင် Covid-19 ရောဂါပိုးတွေ့လူနာ (၁၆)ဦး ထပ်မံတွေ့ရှိ

အိမ်မဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့လူနာ (၁၆)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင် ၁၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့လူနာများမှာ မြို့ပေါ်ရပ်ကွက်များမှ (၁၁)ဦး၊ ကျေးရွာများမှ (၅)ဦးတို့ဖြစ်ကြပြီး လူနာများအား Covid-19 Treatment Center (အိမ်မဲမြို့၊ ရွှေလင်းယုန် အားကစားကွင်း)၊ Covid-19 Treatment Center (ရွာသစ်)သို့ လိုအပ်သော ဆေးဝါးကုသမှုများခံယူနိုင်ရန် လွှဲပြောင်းပေးပို့ပြီး ကုသပေးသွားမည် ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့လူနာ ဇွန်လ(၂၅)ရက်နေ့မှ ဇူလိုင်လ(၁၃)ရက်နေ့ထိ စုစုပေါင်း (၁၁၄)ဦးရှိပြီး ဆေးရုံဆင်းလူနာ (၈)ဦး၊ လက်ရှိဆေးကုသမှုခံယူနေသူ (၁၀၆)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)