အီတလီနိုင်ငံရဲ့ စီးပွားရေးဟာ ခန့်မှန်းထားတာထက် ပိုပြီးကျဆင်းကြောင်းတွေ့ရ

၂၉ မေ

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေရဲ့ ရိုက်ခတ်မှုအနေနဲ့ အီတလီနိုင်ငံရဲ့ ပထမ လေးလပတ် စီးပွားရေးဟာ ခန့်မှန်းထားတာထက် ပိုကျဆင်းကြောင်း ဒီနေ့ (သောကြာနေ့)မှာ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

မူလက ဧပြီလကုန်ပိုင်းအထိ ပထမလေးလအတွင်း စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ပထမလေးလပတ် ထက် ၄.၇ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပေမယ့် ဒီနေ့ ထွက်ပေါ်လာတဲ့ စာရင်းမှာ ၅.၃ ရာခိုင်းနှုန်း အထိ ကျသွားကြောင်း အမျိုးသားစာရင်းအင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုထွက်ပေါ်လာတဲ့ စာရင်းဟာ ၁၉၉၅ ခုနှစ်က စပြီး ပထမလေးလပတ်အတွင်းမှာ အဆိုးဆုံး ကျဆင်းခြင်းဖြစ်တယ်လို့ စာရင်းအင်းဌာနက ပြောပါတယ်။

ဉရောပမှာ ပထမဉီးဆုံး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဒဏ်ကို ခံစားခဲ့ရတဲ့ အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၃၃,၀၀၀ သေဆုံးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

MDN

ကိုးကား - AFP

 

mdn