အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များပြားလာတဲ့အတွက် မျက်နှာဖုံးဝတ်ဆင်ဖို့ ဆော်ဩနေ

၁၃ ဇွန်

 

အီရန်နိုင်ငံမှာ မနေ့ (သောကြာနေ့) တစ်ရက်တည်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၇၅ ဦးရှိတဲ့အတွက် လူမြင်ကွင်းကို သွားတိုင်း မျက်နှာဖုံးဝတ်ဆင်ကြဖို့ ဆော်ဩမှုတွေ ပိုမိုလုပ်ဆောင်လာတာကို တွေ့ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူမှုအသိုင်းအဝိုင်းကို အခြေအနေတစ်ခုအထိ ရောက်ရှိလာပြီဖြစ်တဲ့အတွက် လူတိုင်း မျက်နှာဖုံးဝတ်ဆင်ကြဖို့ နဲ့ ကျန်းမာရေးစည်းမျဉ်းတွေကို ဂရုမစိုက်ဘဲ သွားလာနေမယ်ဆိုရင် မကြာမီ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု ပိုများလာနိုင်ကြောင်း အီရန်ကျန်းမာရေး ဒုတိယဝန်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။

 

mdn

 

မြို့တော် တီဟီရန်ရှိ မြေအောက်ရထားအပါအဝင် အများသုံးယာဉ်တွေပေါ်မှာ မျက်နှာဖုံး ဝတ်ဆင်ကြရေး ပြောဆိုနေပါတယ်။ နိုင်ငံရဲ့ အနောက်တောင်ပိုင်းရှိ ကူဇက်တန်ပြည်နယ်ဟာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားပေမယ့်  လူတွေက မျက်နှာဖုံး ဝတ်ဆင်ခြင်းမရှိဘဲ အများသုံး ယာဉ်တွေကို အသုံးပြုနေတဲ့ ဓါတ်ပုံတွေပြပြီး အစိုးရတစ်စိတ်တစ်ပိုင်းပိုင်တဲ့  ISNA သတင်းဌာနက သတင်းထုတ်ပြန်သွားပါတယ်။

 

၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်သူ ၂,၃၆၉ ဦးရှိပြီး  သေဆုံးသူ ၇၅ ဦးတဲ့အတွက် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၈၂,၅၄၅ဦး နဲ့ သေဆုံးသူ စုစုပေါင်း ၈,၆၅၉ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရသူက အမျိုးသမီးက ပြောကြားသွားပါတယ်။ အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကြေညာသွားခဲ့ပါတယ်။

 

 

MDNကိုးကား - AFP