အောင်ပန်းဒေသမှ ထွက်ရှိသည့် အာလူးများ ဈေးကောင်းရရှိ

mdn

မြို့သစ်   အောက်တိုဘာ   ၂၃

မကွေးတိုင်းဒေသကြီး ၊  မြို့သစ်မြို့နယ် စည်ပင်သာယာဈေးအတွင်းသို့ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းဒေသမှ ဝင်ရောက်လာသည့် အာလူးများ ယခင်ရက်များထက် ဈေးကောင်းများရရှိနေကြောင်း သိရသည်။

အဆိုပါ အောင်ပန်းဒေသ အာလူးများသည် လက်ရှိအချိန်တွင် မြို့သစ်မြို့ စည်ပင်သာယာဈေးသို့   တစ်ရက်လျှင် ၆ ဘီးကားနှစ်စီးဖြင့် သုံးရက်တစ်ခါ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းမှာလည်း  ယခင်ရက်များထက် ဈေးကောင်းရရှိနေကြောင်း၊ ပြီးခဲ့သည့်နှစ်ပတ်ခန့်က အာလူးဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေးငွေ ကျပ် ၇၀၀  မှ ၁၂၀၀ ကျပ်ထိ ရရှိခဲ့သော်လည်း၊ ယခုလက်ရှိအချိန် တွင်  အာလူး တစ်ပိဿာလျှင် ငွေကျပ်၂၄၀၀ ထိ ဈေးနှုန်းများရရှိနေကြောင်း မြို့သစ်မြို့ လယ်ပြင်ရပ်မှ ကုန်သည် ဦးထိုက်ထံမှ သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)