အောင်လံ ဇူလိုင် ၂

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအား လူမှုစီးပွားမြှင့်တင်ရေး ရန်ပုံငွေ (သက်တန့်ရောင်) စီမံကိန်းမှ သွင်းအားစုပေးအပ်ပွဲကို ဇူလိုင် ၁ ရက်က နံဇူပင်ကျေးရွာ ဓမ္မာရုံနှင့် ဇေယျာကျေးရွာအသင်းဥက္ကဋ္ဌအိမ်တို့၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဇော်ထွန်းက အမှာစကား ပြောကြားသည်။

 

ထို့နောက် နံဇူပင် သမဝါယမအသင်းသား တောင်သူ ၉၀ ၏ စိုက်ဧက ၂၄၅ ဧကအတွက် တစ်ဧကလျှင်ငွေကျပ် ၃၀၄၅၀၀ နှုန်းဖြင့် ငွေကျပ် ၇၄ ဒသမ ၆၀၂ သန်းနှင့် ညီမျှသော ဆာဖိုးသာမျိုးနှင့် သွင်းအားစုဓာတ်မြေဩဇာများကိုလည်းကောင်း၊ ရွာထောင် မျိုးစေ့ထုတ် သမဝါယမအသင်းသား တောင်သူ ၂၅ ဦး၏ စိုက်ဧက ၁၂၁ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၃၀၄၅၀၀ နှုန်းဖြင့် ငွေကျပ် ၃၆ ဒသမ ၈၄၄ သန်းနှင့် ညီမျှသော ဆာဖိုးသာမျိုးနှင့် သွင်းအားစု ဓာတ်မြေဩဇာများကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အာကာ(ပြန်/ဆက်)