အာဂျင်တီးနားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၀၄၃ ဦး ထပ်မံတွေ့ရှိ

ဇွန် ၁၄

 

အာဂျင်တီးနားနိုင်ငံတွင် လွန်ခဲ့သည့်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၀၄၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၂၆၈ ဦး ထပ်မံသေဆုံးခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၈၅၃၄၃ ဦး အထိ ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း  ၄၁၂၄၁၉၀ ဦး ရှိလာသည်။

 

အာဂျင်တီးနားနိုင်ငံတွင်  ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၆၃၆၀၄၄၉ ဦး ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၁၃၀၂၅၆၈၈ ဦး ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၃၃၃၄၇၆၁ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပြီး ရောဂါကာကွယ်ရေး အစီအမံများကို ဇွန် ၂၅ ရက်နေ့အထိ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို