ဇွန် ၁၄
အာဂျင်တီးနားနိုင်ငံတွင် လွန်ခဲ့သည့်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၀၄၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၂၆၈ ဦး ထပ်မံသေဆုံးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၈၅၃၄၃ ဦး အထိ ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၁၂၄၁၉၀ ဦး ရှိလာသည်။
အာဂျင်တီးနားနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၆၃၆၀၄၄၉ ဦး ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၁၃၀၂၅၆၈၈ ဦး ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၃၃၃၄၇၆၁ ဦး ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပြီး ရောဂါကာကွယ်ရေး အစီအမံများကို ဇွန် ၂၅ ရက်နေ့အထိ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို