အာဆင်နယ်ခံစစ်ကစားသမား မာရီ အူဒီးနစ်အသင်းသို့ ရာသီဝက်အငှားပြောင်းရွှေ့

ဇန်နဝါရီ   ၂၃

အာဆင်နယ်အသင်းမှ ခံစစ်ကစားသမားတစ်ဦးဖြစ်သူ ပါဘလိုမာရီသည် စီးရီးအေကလပ် အူဒီးစ်အသင်းသို့ ရာသီဝက်အားဖြင့် ပြောင်းရွှေ့သွားပြီဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် အဆိုပါ ခံစစ်ကစားသမားသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် သုံးပွဲသာ ကစားထားရသေးသူ ဖြစ်သည်။

၎င်းသည် ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းမှ အာဆင်နယ်အသင်းထံသို့ ကနဦးအားဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အာဆင်နယ်အသင်းက အပြီးသတ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မာရီသည် ယခုအပြောင်းအရွှေ့ကာလတွင် မစ်လန်းနေးလ်၊ ဘာလိုဝန်တို့ပြီးနောက် အာဆင်နယ်အသင်းမှ ထွက်ခွာသည့် တတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။

မာရီသည် အူဒီးနစ်အသင်းတွင် နံပါတ် ၂၂ ဂျာစီကို ဝတ်ဆင်ကစားသွားမည် ဖြစ်သည်။ ၎င်းသည် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၉ ပွဲ ပါဝင် ကစားထားပြီး တစ်ဂိုးသွင်းယူပေးထားနိုင်သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်သီတင်းပတ်ကမြောက် လန်ဒန်ဒါဘီအဖြစ် စပါးအသင်းနှင့် ကစားရမည့်ပွဲစဉ်ကို ကစားသမား လုံလောက်မှုမရှိသဖြင့် ရွှေ့ဆိုင်းထားရသည်။

အောင်ဇော်