အာဆီယံပေါင်းစည်းဆက်သွယ်ရေးမဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၅ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ရယူဖတ်ရှုနိုင်

ဇွန် ၁၆

 

အာဆီယံပေါင်းစည်းဆက်သွယ်ရေးမဟာဗျူဟာစီမံချက် အမှတ် () အား အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေနှင့် မိမိတို့နိုင်ငံအတွင်း ပိုမိုထိရောက်စွာ အသုံးချဆောင်ရွက်သွားနိုင်ရေး အင်္ဂလိပ်ဘာသာဖြင့် သော်လည်းကောင်း၊ နိုင်ငံအလိုက် မိခင်ဘာသာစကားများဖြင့် ပြန်ဆို၍ သော်လည်းကောင်း၊ အသိပညာပေးရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးသဘောတူခဲ့ကြသည်။

 

အဆိုပါ အာဆီယံပေါင်းစည်းဆက်သွယ်ရေးမဟာဗျူဟာ စီမံချက်တွင် အာဆီယံနှင့် အာဆီယံ အသိုက်အဝန်းဆိုင်ရာ သွင်ပြင်လက္ခဏာများ၊ လှုပ်ရှားဆောင်ရွက်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများအား ဖော်ပြထားသည်။

 

အာဆီယံ ပေါင်းစည်းဆက်သွယ်ရေးမဟာဗျူဟာစီမံချက် အပြည့်အစုံကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် https://issuu.com/threenewspaper/docs/acmp_ii_eng-mm_တွင် ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ကြောင်း သတင်းရရှိသည်။

MDN