(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်း(၂၂)ပေအကျယ် ကတ္တရာကွန်ကရစ် (AC)လမ်းသစ်ဖွင့်ပွဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်
တောင်ကြီး ဖေဖော်ဝါရီ ၆
(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်း (၂၂)ပေအကျယ် ကတ္တရာကွန်ကရစ် (AC)လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရားအတက်လမ်းသစ်ဖွင့်ပွဲ မုဒ်ဉီး၌ ကျင်းပသည်။
ဉီးစွာ ရွှေဘုန်းပွင့်ဘုရား အတက်လမ်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင်၊ စိန်နှင်းဆီ သတ္တုတူးဖော်ရေး ကုမ္မဏီလီမိတက်နှင့် လွိုင်ခမ်းအဆင့်မြင့်အိမ်ရာ စီမံကိန်းမှဉီးစိုင်းရွက်၊ ရွှေဘုန်းပွင့်ဘုရားဂေါပကအဖွဲ့ ဉီးခင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က စိန်နှင်းဆီသတ္တုတူးဖော်ရေး ကုမ္မဏီလီမိတက်နှင့် လွိုင်ခမ်းအဆင့်မြင့်အိမ်ရာစီမံကိန်းမှ ဉီးစိုင်းရွက်အား ဂုဏ်ပြုမှတ်တမ်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ရွှေဘုန်းပွင့်ဘုရားဂေါပကအဖွဲ့နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တောင်ကြီးရုံးခွဲ)၊ ပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး၊ အ.ထ.က(၄) ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအဖွဲ့၊ ရှမ်းတိုင်း ရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့၊ ကိန္နရီ၊ ကိန္နရာအကအဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ ရွှေဘုန်းပွင့် စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း ပူဇော်၍ ဖူးမြော်ကြည်ညိုကြပြီး စေတီတော်အားတင်လှူပူဇော်မည့် ထီးတော် စိန်ဖူးတော်၊ ဌက်မြက်နား တော်တို့အား ဖူးမြော်ကြသည်။
ထို့နောက် စေတီတော် ဓမ္မာရုံ၌ ကျင်းပသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက်ရာ နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဌာန်းကျောင်းတိုက် ဉီးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ဆရာတော် သံတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်ဉီးစီးပဓာန နာယကအဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္တ ဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ထိုမှတဆင့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကလောမြို့နယ်၊ ဟဲဟိုး- ဘောဆိုင်းလမ်းမှ တောင်မြေခြား-မြောက်မြေခြားလမ်း ကတ္တရာလမ်းသစ် (၁/၆.၈၂)မိုင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဦးလှမိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင်တို့က ဟဲဟိုး-ဘော်ဆိုင်းလမ်းမှ တောင်မြေခြား၊ မြောက်မြေခြားလမ်း ကတ္တရာလမ်းသစ် (၁/၆.၈၂)မိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဉီးလှမိုးက အဖွင့်အမှာစကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင် က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း လမ်းတံတားများနှင့် ကတ္တရာလမ်းသစ် (၁/၆.၈၂)မိုင်ဆောင်ရွက်ခဲ့မှုများကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေး ဉီးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဉီးမျိုးမင်းသန့်က ရှင်းလင်းတင်ပြကာဒေသခံကျေးရွာ ကိုယ်စားလှယ်တစ်ဉီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်