(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မြဝတီ ဒီဇင်ဘာ ၃၁

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က “နိုင်ငံ‌တစ်နိုင်ငံတည်‌ဆောက်‌ရေးတွင် လွတ်လပ်ရေးသည် မရှိမဖြစ် လိုအပ်သည့် ပင်မရင်းမြစ် အသက်‌သွေးကြောဖြစ်သည်”၊ “လွတ်လပ်‌ရေးကို အခြေတည်ပြည်ထောင်စုဖွား‌ သွေးချင်းများ သွေးစည်းချစ်ကြည်လက်တွဲညီကြမည်”နှင့် “(၇၄)နှစ်မြောက်မှသည် ထောင်စုနှစ်များဆီ ဦးတည်လို့ လွတ်လပ်‌ရေးအမွေကို ထိန်းသိမ်းကြပါစို့” ခေါင်းစဉ်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 

‌ဆက်လက်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် လွတ်လပ်ရေးအမွေနှင့် အနာဂတ်မျိုးဆက်သစ်တို့၏ တာဝန်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူ(၁၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြသည်။

 

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှု အားပေးပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရာ မြစန္ဒီပန်းခြံတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)