mdn

နေပြည်တော်၊ အောက်တိုဘာ ၂၆

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင်သာယာ ရေး ကော်မတီ၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များနှင့်အညီကျင်းပသည်။

အခမ်းအနားတွင် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဆပ်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော နေပြည်တော် ကောင်စီ ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယ မြို့တော် ဝန် ဦးမောင်မောင်နှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်း အနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆပ်ကော်မတီ အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပ ပြုလုပ်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ ဆပ်ကော်မတီမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအလိုက် လိုအပ်ချက်မရှိ စေရေး စနစ်တကျစီမံ ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ဗဟိုကော်မတီမှ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ကြရန် နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)