(၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး ၁၉  ဒီဇင်ဘာ  

 

ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာ ဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် (၆၂) ကြိမ်မြောက် ကမ္ဘောဇ တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက  ဖွင့်ပွဲကျင်းပသည်။

 

mdn

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်၌ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက် ထားရှိဖော်ဆောင်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်တည်ဆောက်ခြင်းဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း၊ ဂေါက်သီးအားကစားသည် ကမ္ဘာပေါ်တွင်ထင်ရှားသော အားကစားနည်း တစ်ခုဖြစ်သလို ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းမှု၊ နည်းစနစ် ကျွမ်းကျင်မှု ကိုပါ လေ့ကျင့်ပျိုးထောင်နိုင်သည့် အားကစားသမားများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးကိုရည်ရွယ်ပြီး ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၆ ခုနှစ်မှစတင်ကာ lnter District Golf Tournament ဆိုသည့် ဖလားဖန်တီးပြီး တောင်ကြီးမြို့၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်တစ်ဝှမ်းလုံးက အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ် ကျိုင်းတုံကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှစတင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင် ကျင်းပခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အမျိုးသား အသင်းပေါင်း (၆၁) သင်း အမျိုးသမီး(၈)သင်းမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ပြိုင်ပွဲဝင် အားကစားသမားများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်(၆၂)  ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေးလိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ကမ္ဘောဇကုမ္ပဏီ နာယကကြီးဦးအောင်ကိုဝင်း၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များအားလုံးနှင့် တောင်ကြီး အေးသာယာ ဂေါက်ကလပ်မှ တာဝန်ရှိသူများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကမ္ဘောဇ တံခွန်စိုက် ဖလားကြီးကို ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်ကြရန် ပြောကြားသွားသည်။

 

mdn

 

ဆက်လက်၍ ပြိုင်ပွဲကို SMOKE BALL ဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့မှ ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရှိရသည်။

 

mdn

 

မောင်မောင်သန်း(တောင်ကြီး)