(၅၅)ကြိမ်မြောက် ‘‘မြရတု’’ မြတ်ဆရာပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ

အောင်လံ   ၃၁   ဒီဇင်ဘာ

 

အောင်လံမြို့ရှိ  ယခင်က ပန်းခြံကျောင်း၊ တန်းမြင့်ကျောင်း  ယခုအခါ   အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊  ကျောင်းသား/ကျောင်းသူဟောင်းများ၏ (၅၅)ကြိမ်မြောက် ‘‘မြရတု’’ မြတ်ဆရာပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက အ.ထ.က(၁) ရွှေရတု ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အနယ်နယ်အရပ်ရပ်ရှိ အ.ထ.က(၁)မှ အငြိမ်းစားယူသွားကြသော   ဆရာ/ဆရာမကြီးများနှင့်   ကျောင်းသား/ကျောင်သူဟောင်းများ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

 

ယင်းပူဇော်ပွဲ၌  ဒေသအသီးသီးတွင် ရောက်ရှိနေကြသော ကျောင်းသား/ကျောင်းသူဟောင်းများ ပြန်လည်ဆုံတွေ့ကြကာ ခင်းကျင်းထားသော နိဗ္ဗာန်ဈေးပွဲတော်တွင်   တစ်ပျော်တစ်ပါး လှည့်လည် စားသောက်ကြ၍ အသက်(၆၀)မှ (၆၉)နှစ်အထိ   ဆရာ/ဆရာမ တစ်ဦးလျှင် ငွေကျပ် ၆၀ဝ၀ဝ နှုန်း၊ အသက်(၇၀)မှ (၇၄)နှစ်အထိ   ဆရာ/ဆရာမတစ်ဦးလျှင်ငွေကျပ် ၇၀ဝ၀ဝ နှုန်း၊  အသက်(၇၅)မှ (၇၉)နှစ်အထိ ဆရာ/ဆရာမတစ်ဦးလျှင် ငွေကျပ် (၈၀ဝ၀ဝ)ကျပ် နှုန်း၊အသက်(၈၀)နှစ်အထက် ဆရာ/ဆရာမတစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းတို့ဖြင့် အငြိမ်းစားဆရာကြီး /ဆရာမကြီး ၂၀ဝ တို့အား  လက်အုပ်ချီမိုး၍ ပူဇော်ကန်တော့ကြပြီး  နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

 သိန်းလွင်(အောင်လံ)