(၄၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရန်ကုန်  ၁၆   ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှကြီးမှူး၍ ရခိုင်မြို့နယ်၊ အသင်းများ၊ လူမှုရေးအသင်းများ၊ ပူပေါင်းကျင်းပသော(၄၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့ ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရတနာလမ်းရှိ တိုင်းရင်းသားကျေးရွာတွင် ကျင်းပလျက်ရှိရာ၊ ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဌက ရှင်းလင်းပြောကြားရာတွင်ရခိုင်ရိုးရာကျင်ကိုင်ပွဲတွင် ရွှေမောင်တန်း၊ ပထမဆုကို ငွေကျပ် သိန်း (၂၀) ဒုတိယဆုကို ငွေကျပ်(၁၅)သိန်း၊ ငွေမောင်တန်းတွင် ပထမဆုကို ငွေကျပ်(၁၅) သိန်း၊ ဒုတိယဆုကို ငွေကျပ် (၁၅) သိန်း၊ စိန်ခေါ်ပွဲကို ငွေကျပ်() သိန်းဆု ချီးမြှင့်မည်ဖြစ်ရာ တွဲဆိုင်းပေါင်း (၁၀)တွဲ ပါဝင်ယှဉ်ပြိုင်ပြီး ရခိုင်အမျိုးသမီး လွန်ဆွဲပွဲ(၁၅) ယောက်ပထမဆု ငွေကျပ်(၁၀)သိန်း၊ ဒုတိယဆုကျပ်()သိန်း အဖွဲ့()ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ခေါင်အုံးရိုက်ပွဲ ပထမဆု ငွေကျပ်()သိန်း၊ ဒုတိယဆုငွေကျပ်()သိန်း သောင်းကျပ် ဆုချီးမြှင့်မည်ဖြစ်ကြောင်းပြောကြားသည်။

အဆိုပါ ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ရခိုင်ရိုးရာ အစားအစာများ၊ အထိမ်းအမှတ်ပစ္စည်းများ ရောင်းချပွဲနှင့်ရိုးရာ စာပေယဉ်ကျေးမှုပြပွဲများကို ဒီဇင်ဘာ (၁၄၊၁၅)ရက်အထိ ()ရက်သာနံနက် နာရီမှ ညနေ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း(၁၀ဝ)ကျော်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)