ရန်ကုန် ဇွန် ၂၄
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ရေကူးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်(ဦးဝိစာရလမ်း)ရှိ အမျိုးသားရေကူးကန်၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားကြပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ဖွင့်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အ.ထ.က(၃) မင်္ဂလာတောင်ညွန့်မှ ဘင်ခရာနှင့်ပန်းဖွားအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်(အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မီတာ ၄၀၀ နှင့် မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲများ၊ မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲများ၊ ရင်ပေါင်တန်းကူးပြိုင်ပွဲများနှင့်လိပ်ပြာကူးပြိုင်ပွဲများ၊ မီတာ ၂၀၀ လေးမျိုးကူးပြိုင်ပွဲများ၊ မီတာ(၅၀ x ၄) လွန်းပျံ လေးမျိုးကူးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


