၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအနက် အုပ်စု(J)၊ အုပ်စု(K)၊ အုပ်စု(L)တို့ရဲ့ နောက်ဆုံး ပွဲစဉ်တွေကို ဇွန် ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ကမ္ဘာ့ဖလား(၃၂)သင်းအဆင့်မှာ ပေါ်တူဂီအသင်းနဲ့ ခရိုအေးရှားအသင်း၊ အင်္ဂလန်အသင်းနဲ့ကွန်ဂိုအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိပါတယ်။
ခရိုအေးရှားအသင်းဟာ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဂါနာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကတော့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အုပ်စုဒုတိယနေရာနဲ့ ကမ္ဘာ့ဖလား (၃၂)သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းကတော့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပနားမားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ပနားမားအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင် ရပြီး အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား(၃၂)သင်းအဆင့်မှာ ကွန်ဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဇွန် ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ပွဲစဉ်တွေမှာတော့ အာဂျင်တီးနားအသင်းက ဂျော်ဒန်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား(၃၂)သင်းအဆင့် မှာ ကိတ်ဗာဒီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဩစတြီးယားအသင်းကတော့ အယ်လ်ဂျီးရီးယားအသင်းနဲ့ ပွဲစဉ်မှာ တစ်ဖက်သုံးဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ကမ္ဘာ့ဖလား(၃၂)သင်းအဆင့်မှာ နာမည်ကြီးစပိန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
ငွေကြယ်


