၂၀၂၃ ခုနှစ်တွင် ခရီးသွားဝင်ငွေ ကန်ဒေါ်လာ ၆၄ ဘီလီယံရရှိရန် ထိုင်းနိုင်ငံ မျှော်မှန်း

 

 

ဘန်ကောက် စက်တင်ဘာ ၂၀

 

ထိုင်းအစိုးရသည်   ၂၀၂၃    ခုနှစ် တွင် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၂ ဒသမ ၃၈  ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၃ ဘီလီယံခန့်) အထိ ရရှိရန် မျှော်မှန်းထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။

 

ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဓိက မောင်းနှင်အားဖြစ်သော ခရီးသွားကဏ္ဍသည် တိုးတက်မှု ရှိလာသည်နှင့်အမျှ ထိုင်းအစိုးရအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၂၀၁၉ ခုနှစ်က ရရှိခဲ့သော ခရီးသွားလုပ်ငန်းဝင်ငွေ၏ ၈၀ ရာခိုင်နှုန်း ပြန်လည်ရရှိရန် ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း ခေတ္တအစိုးရ ပြောရေးဆိုခွင့် ရှိသူ အနူချာ ဘူရာပါ ချာစရီက ပြောသည်။

 

ထို့အပြင် ထိုင်းအစိုးရသည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွားများထံမှ ဘတ် ၁ ဒသမ ၅ ထရီ လီယံ (အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ ဘီလီယံခန့်) ရရှိရန် မျှော်လင့်နေသကဲ့သို့ ပြည်တွင်းခရီးသွားများထံမှလည်း ဘတ် ဘီလီယံ ၈၀၀ (အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၈ ဘီလီယံခန့်) အထိ ရရှိရန် မျှော်လင့်ထားကြောင်း ၎င်းက ဆက်ပြောသည်။

 

ထိုင်းနိုင်ငံသည် ယခုနှစ် နောက်ဆုံး သုံးလပတ်တွင် တစ်လလျှင် ခရီးသွားဝင်ရောက်မှု ၁ ဒသမ ၅ သန်း ရောက်ရှိရန် ရည်မှန်းထားကြောင်းနှင့် ယခုလ လက်ရှိအချိန်အထိ ခရီးသွား ဝင်ရောက်မှု တစ်သန်းကျော်ရှိကြောင်း ဘူရာပါ ချာစရီက ပြောသည်။ ထို့အပြင် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ခရီးသွား ၁၀ သန်း ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 

ဆင်ဟွာ