၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်း မိုးလေ၀သအ‌ခြေအနေ အကျဉ်းချုပ်နှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလလပတ်နှင့် (ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျ)မိုးလေဝသအချက်အလက်ခန့်မှန်းချက်များ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (တတိယ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များအကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြအပ်ပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ---နိုဝင်ဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်  ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည်  (၂၂.၁၁.၂၀၂၂) ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီး၊ (၂၃.၁၁.၂၀၂၂)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်တောင်ပိုင်း-တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ကာ တဖြည်းဖြည်း အားလျော့သွားခဲ့ပါသည်။  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ  တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။

 

မိုးရွာသွန်းမှုအခြေအနေ---၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် တို့ထက်ပိုခဲ့ပါသည်။

 

မိုးရွာရက်များအနေဖြင့်- မွန်ပြည်နယ်(ရေးမြို့)တွင် (၇)ရက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၅)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး(ဟင်္သာတမြို့)၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် (၂)ရက်စီ၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်စီ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး(ရမည်းသင်းမြို့)၊ မကွေးတိုင်းဒေသကြီး (အောင်လံမြို့)နှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတို့တွင်  မိုးအနည်းငယ် ထစ်ချုန်ရွာသွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်  ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်  မိုးရွာသွန်းခဲ့ခြင်းမရှိပါ။

 

အမြင့်ဆုံးအပူချိန်အခြေအနေ---၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- မကွေးတိုင်းဒေသကြီးတွင် နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ထက် (၈)ဒီဂရီဖာရင်ဟိုက်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၅)ဒီဂရီဖာရင်ဟိုက်မှ  (၆)ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကချင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ  (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ  (၂)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။

 

အနိမ့်ဆုံးအပူချိန်အခြေအနေ----၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ− စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းတွင် နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် (၂)ဒီဂရီဖာရင်ဟိုက်စီ လျော့နည်းခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တို့ထက် (၅)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက် အထိ ပိုခဲ့ပါသည်။

 

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ---၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် (၆၇%)မှ (၇၇%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် (၇၈%)မှ  (၈၈%)အတွင်း အသီးသီးရှိခဲ့ပါသည်။

 

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ--၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၂၂ မီလီမီတာ)မှ (၃၀ မီလီမီတာ) အတွင်း၊  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၃၁ မီလီမီတာ)မှ (၃၈ မီလီမီတာ)အတွင်းနှင့် မကွေးတိုင်းဒေသကြီးတွင် (၄၆ မီလီမီတာ) အတွင်း အသီးသီးရှိခဲ့ပါသည်။

 

(ဖြစ်နိုင်စွမ်းပင်ငွေ့ရေငွေ့ပျံနှုန်းအား   HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။

 

မြေဆီလွှာအောင်းရေအခြေအနေ---၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် (စိုစွတ်) အခြေအနေနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် (ခြောက်သွေ့)အခြေအနေ အသီးသီးရှိခဲ့ပါသည်။

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ---ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင်   ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်သာယာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

 

မိုးအခြေအနေ---မိုးရွာသွန်းမှုအခြေအနေမှာ- ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

မိုးရွာရက်---မိုးရွာရက်အနေဖြင့်- ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် (၅)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊  ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့်  ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

ညအပူချိန်---စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီစင်တီဂရိတ် နှင့်အထက် (သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက်နှင့်အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊  ရှမ်းပြည်နယ်၊  ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ဒီဇင်ဘာလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

 

မြူအခြေအနေ---စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၆)ရက်မှ  (၂၅)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊  မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် (၆)ရက်မှ  (၁၅)ရက်ခန့်နံနက်ပိုင်းတွင် မြုထူများဆိုင်းနိုင်ပါသည်။

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ-ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊   ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

 

မိုးအခြေအနေ---မိုးရွာသွန်းမှုအခြေအနေမှာ- ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

မိုးရွာရက်---မိုးရွာရက်အနေဖြင့်- ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့်  မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

ညအပူချိန်--နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီစင်တီဂရိတ်နှင့်အထက် (သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက်နှင့်အထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် ဒီဇင်ဘာလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

 

မြူအခြေအနေ--စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅)ရက်မှ  (၉)ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ရက်မှ  (၄)ရက်ခန့်နံနက်ပိုင်းတွင် မြုထူများဆိုင်းနိုင်ပါသည်။

 

Credit> မိုး/ဇလ