၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ  ၁၅  ရက်)

 (က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ လက်ရှိတွင် အားအသင့်အတင့်ရှိသော လာနီညာအခြေအနေတွင် ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး၊ ဖေဖော်ဝါရီလတွင် အားအနည်းငယ်ရှိသော လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

(ဂ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့သွားမည် ဖြစ်ပါသည်။

Crd- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန