၂၀၂၁ ခုနှစ် ဒီဇင်ဘာ လူထုစုပေါင်းလမ်းလျှောက်ပွဲ တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင် ကြီးမြို့တွင်၂၀၂၁ ခုနှစ် ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ပြည်နယ်အားကစားကွင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပသည်။

ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အားကစားကွင်း ပြေးလမ်းတွင် လေးပတ်လမ်းလျှောက်ကြပြီး စုပေါင်းကိုယ်ကာယ သွေးပူလေ့ကျင့်ခန်း အတွဲ(၁-၂)တို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် သံလုံးပစ်အားကစားပြိုင်ပွဲ ကစားကြပြီး အေးသာယာ အား/ကာသိပ္ပံကျောင်းမှ အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က သေနတ်ပစ်ဖောက် တာလွှတ်ပေးကာ မီတာ ၁၀၀ လက်ဆင့်ကမ်း အမျိုးသားပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။ 

ယင်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများ၌ ဆုရရှိကြသူများအား ဆုများချီးမြင့်ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကူး၍ အေးသာယာအား/ကာသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများအား လှည့်လည်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)