နေပြည်တော်   ၄  စက်တင်ဘာ

 

၂၀၁၉ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး “အားလုံး အနာဂတ်ကောင်းမွန်ရေး ခရီးသွားအလုပ်အကိုင် ဖော်ဆောင်ပေး” (Tourism and Jobs: A better Future for all) ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့တို့ အနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ခိုင်မာစွာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

မောင်လူမော်