ဒီဇယ်ချက်ဆီအား ဆီဂေါက်ဖြင့် ထည့်နေစဉ် ဖုန်းပြောရာမှ ဖုန်းပေါက်ကွဲသဖြင့် တစ်ဦးသေဆုံး
ဒီဇင်ဘာလ ၁၁ ရက် ညနေ ၆ နာရီက မုံရွာမြို့နယ် ကျောက္ကာ(မြောက်)ကျေးရွာ မြောက်ဘက်(၁)မိုင်ခန့်အကွာ ရေနံချက်ဖိုအတွင်း ရေနံချက်လုပ်သား နှစ်ဦးက ဆီဂေါက်ဖြင့် ဆီထည့်စဉ် လက်ကိုင်ဖုန်းပြောမိသဖြင့် ဖုန်းပေါက်ကွဲပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။