စစ်တွေမြို့နယ်၌ စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ ဖမ်းဆီးရမိ

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း၌ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့မှ သတင်းအရ ရပ်ထားသော ထွန်းဝင်း (ခ) သိန်းထွန်း (၄၄) နှစ် နာရီကန် ကျေးရွာနေသူ မောင်းနှင်သည့် ၄ဟ/------ သုံးဘီး ဆိုင်ကယ်အား စစ်ဆေးရာ ရွှေဝါဆပ်ပြာ ၃၃ ထုပ်အတွင်းမှ WY/R စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ (၁ ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၃၉၀၀၀) ဖိုး ဖမ်းဆီးရမိခဲ့သဖြင့် စစ်တွေမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉ (က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ကွင်းဆက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(ရဲပြန်ကြား)