ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်၊ လဲချားမြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီး

ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၊ အရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာ၌ ဒီဇင်ဘာ ၁၁ ရက်တွင် ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၁၈)ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။  

 

အလားတူ ဟိုပုံးမြို့နယ်၊ နောင်စုံကျေးရွာ၌ ဘိန်းစိုက်ခင်း (၂၃)ဧကခန့်၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ၌  ဘိန်းစိုက်ခင်း (၂၀)ဧကခန့်၊ လွိုင်လင်မြို့နယ်၊ ခေါင်နွဲ့ကျေးရွာ၌ ဘိန်းစိုက်ခင်း (၃)ဧကခန့်၊ လဲချားမြို့နယ်၊ နမ့်လင်ကျေးရွာ၌  ဘိန်းစိုက်ခင်း (၁)ဧကခန့်တို့အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)