ရေကြည် ၁၇ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး‌ဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အရေခြေခံအိမ်တွင်းသုံး လျှပ်စစ်ဝိုင်ယာကြိုး တပ်ဆင်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆီဆုံကုန်းဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မော်တော်ယာဉ်နည်းပညာဌာနမှ ဌာနမှူး ဦးမိုးဇော်နှင့် မြို့နယ်‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်ယုလှိုင်တို့က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ကျေးရွာအတွင်းရှိ ကျေးရွာသူကျေးရွာသား ၃၄ ဦး တက်ရောက်ပြီး နိုဝင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

အောင်သူဟန် (ပြန်/ဆက်)