အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိမ်တွင်သုံး လျှပ်စစ်ဝိုင်ယာကြိုး တပ်ဆင်နည်းသင်တန်း ရေကြည်မြို့နယ်တွင် ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိမ်တွင်းသုံး လျှပ်စစ်ဝိုင်ယာကြိုး တပ်ဆင်နည်းသင်တန်း နိုဝင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်


